Zawgyi Version
" နေကြတ်ချိန် "
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့။
တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ
No comments:
Post a Comment