Zawgyi Version
" ခေါင်းလောင်းသံစာတမ်း "
(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဉ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။
လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တဝင်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။
(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။
မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖဝါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။
ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။
မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။
(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။
ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာဓါးချင်းခုတ်ဖူးတယ်….။
ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။
ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။
ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။
ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။
တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြံုဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။
မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။
နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။
သား…
ဘဝဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…
မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
၀ိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။
(၉)
၀ါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။
မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။
နွားကသူငုံ့စားတဲ့မြက်တွေကို
၀ံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…
မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။
(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
၀င်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။
ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။
ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”
(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နို်း..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါ၀ါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုုး…အဝေးကြီးမှာ..။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။
အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။
အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတို်င်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)
(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။
အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အဝါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။
ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။
မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
(တာရာမင်းဝေ)
Tuesday, December 15, 2015
Monday, December 14, 2015
ကဗျာဘူကေး ၉
Zawgyi Version
"သတိရခြင်းများမှ တစ်ဆင့်"
သတိရခြင်းတွေဟာ
ငါသောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာရှိတယ်။
တစ်ခါ တစ်ခါ
ဘာလုပ်လုပ် အဆင်မပြေတတ်သူရဲ့စိတ်ညစ်မှုမျိုး
ငါ့ကိုမှ ငြိုးရက်တယ်။
မေ့မရဘူး ဆိုရင်လည်း
ငါပိုတယ် မင်းထင်မယ်။
ငါ့ကို မယုံကြည်သူလေးရဲ့
အေးစက်စက် ကောင်းကင်ပေါ်က လ နဲ့
ငါချစ်တဲ့ ညတွေက
ငါ့ကို အိပ်မက် ပေးမတဲ့
သည်မျှနဲ့ ကျေနပ်ခဲ့ရသူပါ...
ထာဝရ…တဲ့
ငါချစ်တဲ့ နှင်းဆီ တစ်ပွင့်
ကြမ္မာဒဏ်သင့် ကြွေလွင့်ခဲ့ရချိန်မှာ
ဟိုး…တိမ်မွေ့ယာပေါ်က ငှက်
နာကျင်ခံခက်၊သွေးပျက်သောဂီတ
အတောင်ပံ မာနနဲ့ နှလုံးသား
ကြေမွပျက်စီးခဲ့ရချိန်မှာ
ထာဝရကို ငါမုန်းတယ်...
တံခါးခေါက်သံ ထင်ရဲ့
၀င်ခဲ့ကြဟေ့…
ငါ့ရှေ့က နေ့ညတွေအတွက်
မသိတတ်တဲ့ မျက်လုံးစိမ်းတွေအတွက်
မယုံကြည်ရဲတဲ့ မျှော်လင့်ချက်တွေအတွက်
ပတ္တာတံခါးဖျက် ၀င်ခဲ့ကြ
ကြည့်ကြ
ဘဝရဲ့ အဆိပ်သစ်သီး
ငါ ကိုက်မြည်းလိုက်စမ်းမယ်...
မသေချာခြင်းတွေသာ
ငါ့ဘက်မှာ ရှိနေပေါ့။
ရိုးသားမှု တစ်ခုနဲ့
မင်းကို ငါ ချစ်ခဲ့
ဘဝကို ငါ မြတ်နိုးခဲ့
ဟိုး...အနန ္တကောင်းကင်မှာ
အစက်အပျောက် တစ်ခုက အရာမထင်သလိုမျိုး
မှားယွင်းမှုများစွာနဲ့
ပင်လယ်ကို ငါ ဖြတ်ကူးမယ်
အားလုံးကို စွန့်လွတ်ရရင်တောင်မှ
သတိရခြင်းကို ငါ ပိုင်တယ်
ယုံကွယ်...။
ဒတ္ထ
စပယ်ဖြူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၇

Thursday, December 10, 2015
လွမ်းတဲ့သောကြာ
Zawgyi Version
အရွေ့နှေးလွန်းတဲ့
စစ်တုရင်ပွဲကိုစောင့်ကြည့်ရသလိုမျိုး
သိကြားမင်းဟာ ငိုက်မျည်းရင်း မိုးချိန်းသံပေးရော့သလား
တစိမ့်စိမ့်ရွာတဲ့ သောကြာနေ့လယ်ခင်းဟာ
ပျင်းတိပျင်းရွဲ့နိုင်လွန်းတယ်။
ဓူဝံကြယ်ဟာ မြောက်အရပ်မှာပဲနေရလို့
အထီးကျန်ဆန်ဖူးသလားတွေးတိုင်း
ခေါင်းယမ်းရင်းပြုံးရတဲ့ မချိပြံုးတွေ
ခဏခဏချမိတဲ့ သက်ပြင်းတွေသာများလာရဲ့။
ဒီလိုနဲ့ပဲ
အနှေးပြကွက်မှာ
အတိတ်ဟာပြတ်ပြတ်သားသားထင်တိုင်း
စပျစ်သီးထက် ပန်းသီးကချဉ်မြဲ။
ပျံ့လွင့်လာတဲ့မင်းရယ်သံသဲ့သဲ့မှာ
အရင်လိုပူနွေးစိုစွတ်မှုတွေပါနေတုန်းလားလို့
ခုထိ
ခပ်ဝေးဝေးက လှမ်းကြည့်ချင်မိတုန်း။
တော်ပြီကွယ်။
အစရှာမရအောင် ရှင်းနေတဲ့အလုပ်ထဲ
ငါ့အတွက် နေ့လယ်စာ
ကော်ဖီတစ်ခွက်ပဲ မှာလိုက်တယ်။
၁၁ ဒီဇင်ဘာ ၂၀၁၅

Monday, December 7, 2015
ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ
Zawgyi Version
ရသဝတ္ထုရှည်မဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ မဖတ်ဖြစ်ဆို နည်းပညာစာအုပ်တွေနဲ့ပဲ လုံးပမ်းရင်း ရသစာပေနဲ့အလှမ်းဝေး လာသလိုပဲ။ ကြိုကြားကြိုကြားဆိုသလို လက်ဆောင်ရတဲ့ စာအုပ်တွေထဲက နောက်ဆုံးဖတ်ဖြစ်တာ ဒဂုန်တာရာရဲ့ ဝတ္တုတိုပေါင်းချုပ်။ အဲဒီနောက်ပိုင်း စာမဖတ်ဖြစ်ပြန်ဘူး။ ဖေ့စ်ဘွတ်ပေါ်က စာရေးကောင်းတဲ့သူတွေရဲ့ စတေးတပ်ရှည်တွေ နုတ်တွေတောင် ကိုယ့်ဝေါပေါ် only me နဲ့ပြန်ရှယ်ပြီး အားတဲ့အချိန်လောက်မှ ပြန်ကြည့်ဖြစ်တယ်။
ပြီးခဲ့တဲ့နှစ် တစ်ရက်က console သုံးရင် break လုပ်တဲ့ function ကိုရှာတာ ရုတ်တရက်ရှာမတွေ့။ Instagram မှာ Lenovo x240 သုံးတယ်လို့သိထားတဲ့သူချင်းမို့ အွန်လိုင်းကလှမ်း မေးရင်း မနှင်းနုနဲ့ ခင်ခဲ့တယ်။ Gemini ချင်းအတူတူမို့လည်း ပြောရင်းဆိုရင်း ခင်မင်ရင်နှီးခဲ့တယ်။
တစ်ရက်သူမြန်မာပြည်ပြန်တော့(တကယ်ကပြန်စေ့စပ်တာရယ်) စာရေးဆရာလက်မှတ်ထိုးနဲ့ စာအုပ်တစ်အုပ် instagram မှာတင်ပါလေရော။ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ..ဆိုတဲ့ ခေါင်းစဉ်ကဖမ်းစားသလို အောက်က စာရေးသူနာမည်ကလည်း ဆွဲဆောင်တယ်။ နာမည်က ရင်းနှီးနေတယ်။ စံပယ်ဖြူနုဆိုတာ ကိုယ်သိတဲ့ မဖြူနုပဲ ဖြစ်ရမယ်လေ။
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ မဖြူနုတို့ ၉၇ အောင်တွေက ပထမဆုံးအသုတ် ကိုယ်တွေက တတိယအသုတ်။ အင်္ဂလိပ်စာတစ်မေဂျာတည်း တစ်ကျောင်းထဲထွက်။ နောက်ပြီး တစ်မိုးအောက်မဟုတ်ပေမယ့် အလုပ်သဘောသဘာဝ အတူတူလုပ်ခဲ့ဖူးသူတွေ။ သူကရန်ကုန်မှာ ကိုယ်က မန္တလေးမှာ။ မဖြူနုက သတင်းဆောင်းပါးတွေ အရေးကောင်းတယ်။ လူချင်းမဆုံပေမဲ့ စာတွေဖတ်ရတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို စွန်ခွာခဲ့ပြီးနောက်ပိုင်း သူ့စာတွေမဖတ်မိတော့ဘူး။ တကယ်တော့ သူ့စာမှမဟုတ် တခြား သတင်းဆောင်းပါး၊ သုတ၊ ရသတွေနဲ့ မဂ္ဂဇင်းဝတ္တုတွေနဲ့လည်း နည်းနည်းအလှမ်းဝေးလာခဲ့တယ်။
စံပယ်ဖြူနုလို့တွေ့တော့.. ကိုယ်သိတဲ့ မဖြူနုလို့ပဲအတတ်သိပြီး ဟော ဝတ္တုလုံးချင်းတွေတောင် ထွက်နေမှကောလို့ ဝမ်းသာအားရဖြစ်ရတယ်။ နောက်မှသိရတာ ဒီစာအုပ်က တတိယမြောက်တောင်ဖြစ်နေပြီ ရှေ့မှာ ခေတ်ရယ် အချစ်ရယ်ဆိုတဲ့ လုံးချင်းအပြင် မြောက်ဖျားက အလွမ်းရာသီဆိုတဲ့ ဝတ္တုရှည်နဲ့ အမျိုးသားစာပေဆု (၂၀၁၄)တောင် ရခဲ့ပြီးပြီလို့သိရတယ်။ ဒီလိုသိရတော့ ပိုပြီး မုဒိတာပွားရပြန်တာပဲ။
မနှင်းနုကို ပြန်ရောက်ရင် ငှားဖတ်ပါလို့ပြောမိတော့ .. ရတယ် ဖတ်ပြီးပြီဆိုပြီး စကားပြန်တယ်။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မအားတာနဲ့ပဲ စာအုပ်ယူတဲ့ဆီကိုမရောက်ဘူး။ ဒါတောင် သူနေတဲ့နေရာနဲ့ ဘတ်စ်ကား လေးငါးမှတ်တိုင်လောက်ဝေးတာရယ်။ ပြီးခဲ့တဲ့သောကြာညနေကတော့ ဖတ်မယ်ဆို စာအုပ်လာယူဖို့ပြောတာနဲ့ ညနေယူမယ်ဆိုပြီးချိန်းမိတာပဲ။ ဒါတောင် စာအုပ်က အသိမ်းလွန်နေလို့ သူကအားနာနေသေးတယ်။ စနေနေ့ညနေကျမှပဲ သွားယူဖြစ်တော့တယ်။ ကိုယ်ကိုယ်တိုင်လည်း စာရေးဆရာလက်မှတ်ထိုးပါတဲ့စာအုပ်တွေကို တန်ဖိုးထားသူမို့ တကူးတကငှားပေးတာကို ကျေးဇူးတင်ရပါတယ်။
ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ဆိုတော့ ပထမထင်မိတာ တက္ကသိုလ်နောက်ခံချစ်ခြင်းဖွဲ့ ပေါ့ပေါ့ပါးပါးပဲပေ့ါ။ အမှာစာကို ဖတ်မိတော့ Jhumpa Lahiri ရဲ့ Unaccustomed Earth ထဲက Hell-Heaven ဝတ္တုတိုကို စိတ်ကူးတည်တယ်ဆိုလို့ ဂူဂဲလ်ခေါက်ပြီး pdf ပါတစ်ခါတည်းဒေါင်းလိုက်တယ်။ တကယ်ကတော့ စာအုပ်ဝယ်ဖတ်ဖို့ပါ။ ဒါပေမယ့် မြန်မြန်ဖတ်ဖို့ အလွယ်ရတဲ့ pdf ကိုပဲဒေါင်းလိုက်မိတာ ဝန်ခံရမှာပဲ။
ဒါနဲ့ပဲ စာအုပ်ကို စဖတ်ပါလေရော။ ကိုယ်က အရင်ကတည်းက တက္ကသိုလ်ကိုချစ်တဲ့သူ တက္ကသိုလ်တွေ စုံအောင်လည်း တက်ခဲ့ရတဲ့သူဆိုတော့ တမာရနံ့တွေ၊ စိန်ပန်းနီနီတွေ၊ ခရေပန်းနံ့တွေနဲ့မွန်းထုံနေတဲ့ မန်းတက္ကသိုလ်အပြင် ရန်ကုန်တက္ကသိုလ်ဝန်းက ကံ့ကော်ပန်းနံ့တွေလည်း စိတ်ကူးထဲမှာ ချက်ချင်း မွှေးမြလာတာပါပဲ။
အပြင်မှာမိုးတဖြောက်ဖြောက်မပျင်းမရိရွာနေတဲ့ ကျွန်းကလေးရဲ့ တနင်္ဂနွေမှာ ကိုယ်လည်း လင်းနဲ့အတူ စီးမျောရင်း တက္ကသိုလ်မြေကို ပြန်ရောက်သွားတယ်။ အတိတ်အလွှာတွေထဲမှာ ကိုယ်သိပ်ကြိုက်တဲ့ နွေဦးကံ့ကော်နဲ့ ဝေးသွားတဲ့အခါကိုလည်း ဇာတ်လိုက်အဖြစ်တွေ့ရတယ်။ လှတဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေပါပဲ…။
စာရေးသူကတော့
“...ကုန်လွန်ခဲ့သော အတိတ်မှ အချို့သော အမှတ်တရတို့သည် ပစ္စုပ္ပန်သို့ ရောက်သည့်တိုင် လှမြဲ လှနေလေ့ရှိသည်။ အချို့ကတော့ အတိတ်တွင်သာ လှနိုင်သည်။...” တဲ့။
၈ ဒီဇင်ဘာ ၂၀၁၅

ရောက်တတ်ရာရာ ၁
Zawgyi Version
ခင်ဗျားဘယ်လောက် စာဖတ်ပျင်းပျင်း ဖေ့စ်ဘွတ်လို့ခေါ်တဲ့ စာမျက်နှာထက်မှာ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အတွေးအခေါ်တွေကို မဖတ်ချင်လည်း ဖတ်ရမယ်။ ကျော်ချမသွားချင်လောက်အောင် စာတွေကလည်း ဆွဲဆောင်မှုအပြည့်ကိုး။ အဲ ဝန်ခံရရင် ပုံတွေလည်း ပါသပေါ့လေ။ ဒီလိုနဲ့ပဲ ခင်ဗျားရဲ့ အိုမင်းမှုဟာ အွန်လိုင်းမှာ အမြစ်တွယ်နေလေရဲ့။
အပြင်ထွက်တော့လည်း ကိုရီးယားမင်းသမီးတွေပဲ မြင်မြင်နေတယ်။ ဒါလည်း ဝမ်းအချင့်၊ မျက်စိအကျင့်ပဲကိုး။ မြင်တာမဆန်းဘူးပေါ့လေ။ ဆိုဂျူမသောက်ဖြစ်ဘူး။ ကုတ်တစ်ဘူးသာ မြန်မြန်ဝယ်လိုက်။ သောက်သောက် မသောက်သောက် ဝိုင်တွေကိုတော့ ဘယ်တော့မှ အိမ်က ရေခဲသေတ္တာထဲမှာ မထားလေနဲ့။ ဒါဟာ အမြဲလိုက်နာရမယ့် စည်းကမ်းတွေထဲက တစ်ခုပဲ။
တခါတလေတော့လည်း လမ်းလျှောက်ရင်း ဆင်တစ်အုပ်တစ်မများ ဝဲပျံကျလာမလားလို့ မော့မော့ကြည့်မိတာ အမောဗျ။
ဘာပဲဖြစ်ဖြစ် မန္တလေးမှာ ဆောင်းဟာ ပီပြင်လာပြီ။ ဒါပေမယ့် ခြောက်သယောင်းနဲ့ ဆောင်းနေ့လည်ခင်းနေဟာ မခံမရပ်နိုင်အောင် အလျံညီးညီးပဲ။ လမ်းထွက်တုန်း ကျည်ဖြည့်ထားတဲ့သေနတ်တစ်လက် အဆင်သင့်ပါမလာခဲ့တာ လမ်းမပေါ်ကလူတွေအတွက် ကံကောင်းခြင်းတစ်မျိုးပဲပေါ့။
အခုအင်တာနက်လိုင်းတွေ မကောင်းဘူး။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့တရားသဘောကို လက်ကိုင်ထားရင်း ဒီပို့စ်ကို ဘယ်လိုတင်သလဲ ခင်များတွေးချင်လည်းတွေးနေမယ်။
ကျုပ်ကတော့ လာမယ့် ၂၄ နာရီအတွင်း ဘယ်သူများ လိုက်ခ်လုပ်လေမလဲဆိုတာ စောင့်ကြည့်ချင်ကြည့်နေမိမပေါ့လေ။ ကဲပြော ဒါဟာ ရည်ရွယ်ချက်ရှိတဲ့ အမှားတွေပဲ မဟုတ်လား …။
၇ ဒီဇင်ဘာ ၂၀၁၂
ဖေ့စ်ဘွတ်မှ ပြန်ကူးယူသည်။

Wednesday, December 2, 2015
ကဗျာဘူကေး ၈
Zawgyi Version
" နေကြတ်ချိန် "
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့။
တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ
" နေကြတ်ချိန် "
အင်္ဂါဆိုတဲ့ နေ့တစ်နေ့က
ငါ့ကို အကုန်ယူသွားတယ်။
ငါ့မှာ..တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါကနဲ ပျောက်ဆုံး လိုက်ရ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့။
တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ
Subscribe to:
Posts (Atom)