Zawgyi Version
Apple ဆို ဖုန်းနဲ့ အိုင်ပက်ပဲ သုံးဖြစ်တာများပြီး Mac Book Pro ကို သုံးတာ သုံးလေးနှစ်လောက်ပဲရှိသေးတယ်။ ကိုယ်က NE သမားဆိုတော့ Network နဲ့ ပတ်သက်တာရယ်၊ နောက် ဓာတ်ပုံနဲ့ပတ်သက်တဲ့ application ရယ်က လွဲရင် Web သုံးတာပဲများတယ်။ သိပ်မကလိဖြစ်ဘူး။
အင်တာနက်သုံးရင်လည်း vpn နဲ့ သုံးတာပဲများတယ်။ တခါတလေတော့လည်း ဖုန်းနဲ့သုံးတာဆို ပျင်းရင် vpn မပါဘဲ ဒီအတိုင်းပဲ သုံးလိုက်တာများတယ်။
တကိုယ်ရေသုံးဆိုပေမယ့် ခုရက်ပိုင်း Terminal မှာ ကိုယ့်နာမည်ပေါ်နေတာ သိပ်မလိုချင်တာနဲ့ နာမည်ပြောင်းဖို့ စဉ်းစားတယ်။ ဒါနဲ့ပဲ စက်နာမည်ကို Setting ကနေ သွားပြောင်းတယ်။ ပြောင်းပြီးတော့ သူက Restart ချမှ သက်ရောက်မှုရှိမယ်လို့ စာပေါ်တယ်။ အိုကေပေါ့။ ဒါပေမယ့် ပြောင်းလိုက်တဲ့ Username နဲ့ အကောင့်ကို Admin right ပေးဖို့ မေ့သွားရော။ ဒီလိုနဲ့ပဲ Restart ချလိုက်တယ်။
ပြန်တက်လာတော့ Username သာ ပြောင်းတာ Terminal မှာ နာမည်က မပြောင်းသေးဘူး။ အဲဒီအထိ ကိစ္စမရှိသေးဘူး။ ပြန်ပြောင်းဖို့ Setting ထဲ ဝင်တဲ့အခါမှ ပြဿနာတက်ကရောပဲ။ လက်ရှိသုံးတဲ့ အကောင့်က Admin right မရှိဘူး။ တခြား ဘယ် User ကိုမှလည်း Admin ပေးမထားခဲ့ဘူး။ Standard user အနေနဲ့ပဲဆိုတော့ Terminal ကနေ Command နဲ့ သွားပြောင်းတာလည်းမရ။ ရှာကြည့်သမျနည်းလမ်းတွေကလည်း အဆင်မပြေ။ ပြေမယ့်ဟာက ကိုယ်ရှာမတွေ့ပေါ့။
ဒါနဲ့ပဲ ကိုစေတန်ကို အကျိုးအကြောင်းပြောပြီး မေးရတယ်။ အဲဒီတော့မှပဲ အဆင်ပြေတဲ့နည်းလမ်းကိုရတော့တယ်။ အဲဒီတော့မှ အရင်အကောင့်ကို Admin ပေးပြီး ပြန်ဝင်။ အသစ်ကို ပြန်ဖျက်လုပ်ရတော့တယ်။ လွယ်ပေမယ့် မေ့မှာစိုးတာနဲ့ ဒီမှာ တက်ရေးမှတ်ထားလိုက်တယ်။
ပထမဆုံး စက်ကို Reboot လုပ်။ စက်တက်လာတဲ့အချိန်မှာ Single User Mode ထဲကို command + s နှိပ်ပြီးဝင်။
ပြီးရင် /sbin/mount -uw / လို့ ရိုက်ပြီး Enter နှိပ်။
နောက်တဆင့်က rm /var/db/.AppleSetupDone လို့ရှိုကိပြီး Apple Setup Done File ကို ဖယ်။
reboot လို့ရိုက်။
စက်ပြန်တက်လာရင် Admin account အသစ်လုပ်ပြီး ဝင်။
ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ အကောင့်ကို Admin access ပေးပြီး လိုသလို ပြန်ထိန်းချုပ်လို့ရပါပြီ။
ဘာမှ ထူးထူးခြားခြားမဟုတ်ပေမယ့် ကိုယ့်လိုများ ကြုံရတဲ့သူတွေတော့ အဆင်ပြေကြပါစေ။
No comments:
Post a Comment