Tuesday, August 30, 2016

၂၁ ရာစု ပင်လုံ

ငြိမ်းချမ်းရေးကို လက်နက်နဲ့ လဲချင်နေသ၍

ငြိမ်းချမ်းရေး မရနိုင်ဘူး

ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးနဲ့ လဲမှ

ငြိမ်းချမ်းရေး ရရနိုင်မယ်။

Sunday, August 28, 2016

မှာတမ်း(၃)

ရုတ်တရက် ကိုယ် အဝေးဆိတ်ငြိမ်တဲ့အရပ်ဆီ ထွက်သွားတဲ့အခါ

ကိုယ့်ကိုယ်ကို ယုံသလိုမျိုး ယုံကြည်ခဲ့သူအနည်းစုအတွက်

မျက်ခုံးအတန်အသင့်ပင့်စရာ (သို့) ခေါင်းတယမ်းယမ်းဖြစ်စရာ

ကိန်းဂဏန်းစာရင်းတချို့ လိပ်မူခဲ့ပါမယ်။

ကိုယ့်ချစ်ခြင်းရဲ့ နောက်ဆုံးကြွင်းသော ဒုက္ခအဖြစ်မှတ်ယူပေးကြဖို့ပါ။

မှာတမ်း(၂)

ရုတ်တရက် ကိုယ် အဝေးဆိတ်ငြိမ်တဲ့အရပ်ဆီ ထွက်သွားတဲ့အခါ

အကြောင်းအရာပေါင်းများစွာကို ဖွင့်ဖတ်နိုင်တဲ့

ရှည်ရှည်လျားလျား စကားဝှက်တွေကို

မှတ်စုတစ်ခု အနေနဲ့ တစ်နေရာရာမှာ ထားရစ်ခဲ့ပါမယ်

အဲဒီမှတ်စုကို ဖွင့်ဖတ်နိုင်ဖို့အတွက် စကားဝှက်ကိုတော့

ကိုယ်နဲ့မသက်ဆိုင်တဲ့ အကြောင်းအရာတွေမှာ ရှာပါလေ..။

မှာတမ်း(၁)

ရုတ်တရက် ကိုယ် အဝေးဆိတ်ငြိမ်တဲ့အရပ်ဆီ ထွက်သွားတဲ့အခါ

ကိုယ့်ရဲ့ မင်မိုရီစတစ်တွေနဲ့ ဟာ့ဒစ်တွေကို

တူနဲ့ထုခွဲ မီးရှို့ပြီး ရေမှာမျောပစ်လိုက်ပါ။

ယောင်လို့များ ဖွင့်ကြည့်မိတဲ့အခါ

ပင်ဒိုရာအိုး (pandora's box) ထဲကထက် ပိုဆိုးတာတွေပဲထွက်လာမှာ...။

Tuesday, February 16, 2016

ကဗျာဘူကေး ၁၁

Zawgyi Version

“တဝက္တပ်က္မွတ္တမ္း”

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့…..ဝှက်ထားတဲ့ ဗျတ်စောင်းပါပဲ။

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား ။

တာရာမင်းဝေ
Idea , July 2003