ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး။ ဖုန်းလည်းမလာဘဲ နားထဲ ဖုန်းသံလိုလိုကြားမိနေတယ်။ (အသက်ကြီးလာလို့လားမသိ)။ စိတ်ထဲက ဖုန်းသံကြားမိနေရင်း ကိုယ်ငယ်ငယ် ၁၄ ၅ နှစ်သားက ကြည့်ပြီးကြိုက်ခဲ့တဲ့ Run Lola Run ဆိုတဲ့ ဇာတ်ကားလေးပြန်သတိရမိတယ်။
အဲဒီအချိန်က နာမည်ကြီးခဲ့သလား၊ မကြီးခဲ့သလားတော့ မသိဘူး။ ကိုယ်တော့ ကြည့်နေတဲ့ တစ်ချိန်လုံး မျောပြီး မောနေခဲ့တာ။ ကြည့်ပြီးတော့လည်း တော်တော်ကြိုက်ခဲ့တယ်။ IMDb မှာ 7.8 ရထားတယ်။
၁၉၉၈ ခုနှစ်က ဒါရိုက်တာ Tom Tykwer ရိုက်ပြီး Franka Potente က Lola နဲ့ Moritz Belibtreu က Manni အဖြစ်သရုပ်ဆောင်ထားတဲ့ ဂျာမန်ဇာတ်ကားလေးပါ။ ဂျာမန်လိုတော့ Lola Rennt!
ဇာတ်လမ်းကတော့ Lola ဆိုတဲ့ ကောင်မလေးဆီကို သူ့ရည်းစား ဖုန်းဆက်တာက စတယ်။ ပစ္စည်းသယ်၊ ငွေပို့၊ မှောင်ခိုလုပ်တဲ့ ခပ်ဆိုးဆိုးရည်းစား Manni က သူ့ဘော့စ် Ronnie ကိုပေးရမယ့် ဒေါ်လာ တစ်သိန်းတန် ငွေအိတ်ကို ရဲတွေရှောင်ရင်း မြေအောက်ရထားတွဲထဲမှာ ချန်ထားခဲ့မိတယ်။
Lola ဆီ ဖုန်းဆက်တဲ့အချိန်ကနေ မိနစ် ၂၀ အကြာ မွန်းတည့် ၁၂ နာရီတိတိမှာ အဲဒီပိုက်ဆံကို Ronnie ဆီမပေးနိုင်ရင် အသတ်ခံရမှာပါ။ ရထားပေါ်က ငွေအိတ်ကိုတော့ Manni ဝင်တိုက်ခဲ့မိတဲ့ အိမ်ခြေမဲ့အဖိုးကြီး တစ်ယောက်က ရသွားပါတယ်။
Manni ကတော့ ဖုန်းပြောနေရင်း လှမ်းမြင်တဲ့ မလှမ်းမကမ်းက စတိုးဆိုင်ကြီးကို ဓါးပြတိုက်ပြီး ဖြေရှင်းဖို့ စိတ်ကူးရတယ်။ သေနတ်တစ်လက်လည်း အဆင့်သင့်ရှိတယ်။ Lola က မိနစ် ၂၀ အတွင်းပိုက်ဆံတွေနဲ့အတူ Manni ဆီရောက်အောင်လာခဲ့မယ်ပြောပြီး သူရောက်လာတဲ့အထိ စောင့်ခိုင်းတယ်။ ပြောနေတုန်းမှာပဲ ဖုန်းကဒ်ငွေကုန်ပြီး လိုင်းကျသွားတယ်။
ဖုန်းခွက်ကိုချပြီး အကူအညီရနိုင်မယ့် သူတွေကို Lola စစဉ်းစားတယ်။ ခေါင်းထဲပေါ်လာတဲ့ အဖြစ်နိုင်ဆုံးလူက ဘဏ်မန်နေဂျာဖြစ်တဲ့ သူ့အဖေပါ။ ချက်ချင်းပဲ တိုက်ခန်းကနေ Lola စပြေးပါတယ်။
၈၁ မိနစ်ကြာတဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ တိုက်ခန်းကနေ Manni ရှိတဲ့ဆီကို Lola ပြေးတဲ့အပိုင်း သုံးပိုင်းခွဲ ပြထားတယ်။ အပိုင်း သုံးပိုင်းမှာ Lola ပြေးသွားတဲ့လမ်းတစ်လျောက် တစ်ကြိမ်နဲ့တစ်ကြိမ် ကြုံရတာတွေ မတူပါဘူး။
Chaos Therory တစ်ခုဖြစ်တဲ့ Butterfly Effect အလိုအရ ကမ္ဘာတစ်ခြမ်းက လိပ်ပြာလေးတစ်ကောင် ခတ်လိုက်တဲ့ တောင်ပံတစ်ချက်ကြောင့် တစ်နေရာမှာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခု ဖြစ်လာတယ်ဆိုတာလို မထင်မှတ်တဲ့ အခိုက်အတန့်ကလေးတွေကနေ အပြောင်းအလဲကြီးကြီးမားမားတွေ သယ်ဆောင်လာတတ်တာကို လှလှပပရိုက်ပြထားပါတယ်။
၉၈ ကဆိုတော့ ကြာပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့။
မိနစ် ၂၀ အတွင်း Lola သူ့ချစ်သူဆီ ရောက်သွားလား၊ သူ့အဖေဆီက အကူအညီရပါ့မလား၊ ပြေးသွားတဲ့ လမ်းတစ်လျောက်မှာရောဘာတွေ ကြံုရမလဲ၊ ပိုက်ဆံတွေရသွားတဲ့ အိမ်ယာမဲ့အဖိုးကြီး ဘာဖြစ်သွားလဲ၊ Manni ရော စတိုးဆိုင်ကို ဓားပြတိုက်ဖြစ်လား၊ Ronnie က Manni ကို သတ်လိုက်သလား… ဒေါ်လာတစ်သိန်းကကော..။
ပုံစံမတူပေမယ့် ဒီလို အချိန်ဇုန်အပိုင်းအခြားတစ်ခုအတွင်း မတူညီတဲ့ရှုထောင့်ပေါင်းစုံက ရိုက်ပြထားပြီး ကြိုက်တဲ့ကား တစ်ကားရှိပါသေးတယ်။ Vantage Point ပါ။
Run Lola Run ဟာ ဇာတ်ကားဆုပေါင်း ၄၁ ဆု ရာထားခံခဲ့ရပြီး ၂၆ ဆု ရခဲ့ပါတယ်။
ဟောဒီမှာ ရုပ်ရှင်အကြောင်း နဲ့ ကြည့်ဖို့ Youtube link ပါ။
Run… Lola Run!
Wednesday, February 26, 2014
Monday, February 17, 2014
မိုးသီးတွေကြွေ
နွေဦးတောင် မပီပြင်သေးဘဲ ချမ်းချမ်းအေးအေး ဖေဖော်ဝါရီလထဲ မိုးတွေရွာသတဲ့။
ဆယ်တန်းကျောင်းသားဘဝက ဒီအချိန်ဆို မီးမှောင်မှောင်ထဲ ဖယောင်းတိုင်လေးထွန်းပြီး .. နွေဦးကာလ မြူထသောအခါ တို့ .. တပေါင်းသာခေါင်လများနောင် တို့ ရွတ်ဖတ်ကျက်မှတ်နေခဲ့ရတာပါကော။
မိုးအေးလို့ ကော်ဖီပူလေးတစ်ခွက်နဲ့ နွေးချင်တဲ့သူတွေတော့ မေတ္တာပို့ရောမယ်။
ဟိုရှာသည်ကြည့်နဲ့ မနှစ်က မိုးသီးတွေရွာတုန်း ရိုက်ထားတဲ့ပုံတွေ ထွက်လာတယ်။ သကြားမင်းက ဘယ်အငြိုးနဲ့ ရေခဲလောက်စာလုံးမိုးတွေ ရွာချလိုက်လည်း မသိ။
ဟိုတစ်နွေ မိုးသီးတွေကြွေတဲ့ ညနေခင်းဆီကပေါ့။
ဆယ်တန်းကျောင်းသားဘဝက ဒီအချိန်ဆို မီးမှောင်မှောင်ထဲ ဖယောင်းတိုင်လေးထွန်းပြီး .. နွေဦးကာလ မြူထသောအခါ တို့ .. တပေါင်းသာခေါင်လများနောင် တို့ ရွတ်ဖတ်ကျက်မှတ်နေခဲ့ရတာပါကော။
မိုးအေးလို့ ကော်ဖီပူလေးတစ်ခွက်နဲ့ နွေးချင်တဲ့သူတွေတော့ မေတ္တာပို့ရောမယ်။
ဟိုရှာသည်ကြည့်နဲ့ မနှစ်က မိုးသီးတွေရွာတုန်း ရိုက်ထားတဲ့ပုံတွေ ထွက်လာတယ်။ သကြားမင်းက ဘယ်အငြိုးနဲ့ ရေခဲလောက်စာလုံးမိုးတွေ ရွာချလိုက်လည်း မသိ။
ဟိုတစ်နွေ မိုးသီးတွေကြွေတဲ့ ညနေခင်းဆီကပေါ့။
Subscribe to:
Posts (Atom)